အကြားအာရုံချို့တဲ့နေသော ကလေးများအတွက်

စောစောကုသခြင်းက ဘာလို့အရေးကြီးတာလဲ။

ကျွန်တော်တို့စကားပြောဆိုခြင်းနဲ့ ဘာသာစကားစွမ်းရည်တွေ ဟာ မွေးဖွားလာတာနဲ့ တပြိုင်နက်ဖွံ့ဖြိုးလာကြတယ်။ဒါကြောင့်မို့ အစောပိုင်းနှစ်တွေမှာ နားမကြားရောဂါဖြစ်နေတာကိုသိပြီး ကုသမှု့ခံယူခြင်းက စကားပြောစွမ်းရည်နဲ့ ဘာသာစကားတိုးတက်မှု့ အတွက်အလွန်အရေးကြီးပါတယ်။ပါတ်ဝန်းကျင်က အသံများ က ဦးနှောက်ဖွံ့ဖြိုးမှသာ ခက်ခဲတဲ့ဝါကျတွေကို ကောင်းကောင်း ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

မွေးစမှအသက်(၆) လအတွင်း နားမကြားရောဂါကိုသိပြီး ကုသပါက အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မွေးကင်းစ နားမကြားရောဂါ စစ်ဆေးခြင်းကိုတွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာပြီး စောစောသိစောစောကုသနိုင်အောင် ကြိုးပမ်းလျှက်ရှိပါတယ်။